မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ် (၁) ရပ်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲတွေကို Myingyan Black Tiger အဖွဲ့မှ ဝင်ရောက်ပစ်ခက်ခဲ့တာကြောင့် ရဲ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်လောက်မှာ အင်းအား ၁၂ ယောက်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတွေ ဘုန်းကြီးကျောင်းဝင်းအတွင်း ဆံပင်ညှပ်နေ တယ်လို့ သတင်းပေးပိုလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေ သွားရောက်ပစ်ခက်ခဲ့ပြီး ရဲ ၁ ဦးသေးဆုံးခဲ့တဲ့အပြင် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲမှ ဗိုလ်မိုက်ခဲက ပြောပါတယ်။
“ဆံပင်ညှပ်နေတာက ၅ ယောက်ပေါ့ အရင်ကတော့ ဆံပင်ညှပ်ဆိုင်မှာ သွားညှပ်တယ် အခုတော့သူတို့ save မဖြစ်လို့ဖြစ်မယ် ဘုန်းကြီးကျောင်းထဲခေါ်ညှပ်တယ်။ သူတို့ကိုသွားပစ်တာ ညှပ်နေတဲ့ သူကတော့ မပစ်နိုင်ဘူး ကျန်တဲ့သူကတော့ ကျွန်တို့ကိုပြန်ပစ်တယ်”လို့ သူကပြောပါတယ်။
အခုလိုဘုန်းကြီးကျောင်းအတွင်းကို ဝင်ရောက်ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရရှိသူ၁ဦးကိုလဲ ရေစကြို ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MB) နဲ့ အတူမုံရွာခရိုင်တပ်ရင်း (၁၂) တပ်ခွဲ (၄) မီးတောက်တပ်ခွဲမှ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ Myingyan Black Tiger အဖွဲရဲ့ စခန်းအမှတ် ၂ ကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် အခုလို ပြန်တိုက်ခိုက်တာဖြစ်တယ်လို့ MBT ရဲ့ page စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Myingyan Black Tiger