မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အတွင်းမှာ မတ်လ ၂၅ ရက်နေ့လောက်ကနေစပြီး ဆိုင်ကယ် ၂ ဦး ထပ် ပိုမိုစီးနင်းတဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံမှသိရပါတယ်။
စစ်ကောင်စီတပ်က လူအများအလုပ်ပြန်ချိန်ဖြစ်တဲ့ ညနေ ၆ နာရီဝန်ကျင်အချိန်မှာ စစ်ကိုင်းမြို့ရဲ့ အချက်ချာကျတဲ့နေရာတွေဖြစ်တဲ့ လမ်းလေးဆုံနဲ့ ငါးထပ်ကြီး ရပ်ကွက်နေရာတွေမှာ စောင့်ဆိုင်း ဖမ်းဆီးတာတွေလုပ်နေပြီး ဆိုင်ကယ် ၂ ဦး ထပ်ပိုစီးတဲ့ အမျိုးသားလူငယ်တွေကို အဓိကထား ဖမ်းဆီးနေပါတယ်။ ဒါ့အပြင် ၁ ဦးထဲ သွားလာတဲ့ သူတွေကိုလည်း ဖမ်းဆီးတာတွေရှိ နေတယ်လို့ စစ်ကိုင်းမြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ယောင်္ကျားလေး ၂ ယောက်ပိုစီးရင်ဖမ်းတာ။ မိန်းကလေးနဲ့ဆိုရင်လဲ မိန်းကလေးက မောင်းလိုမရဘူး ယောင်င်္ကျားလေးပဲမောင်းရတာ။ မိန်းကလေးကိုတော့ ဖမ်းမဖမ်းတော့မသိဘူး၊ ပြီးတော့ မထင်ရင်မထင်သလို ဖမ်းတာ၊ တခါတလေ တယောက်ထဲစီးလဲ သူတိုဖမ်းချင်ရင်ဖမ်းတာပဲ။ ဟိုနေ့က ၁၈ ယောက်လောက် ပါသွားတယ်” လို့သူကဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့လူငယ်တွေကို ဒဏ်ငွေပေးဆောင်ရတာတွေအပြင်၊ ထောင်ဒဏ် ၁ လချမှတ်တာ တွေနဲ့ ဆိုင်းကယ်သိမ်းတာတွေကိုပါ လုပ်ဆောင်နေပါတယ်။ အခုလို လုပ်ဆောင်နေတာက အမျိုးသား ၂ ဦး စီးနင်းပြီး သူတို့ကို တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ဖမ်းဆီး လုပ်ဆောင်နေတာလဲ ဖြစ်ပါတယ်။
ပခုက္ကူမြို့မှာလဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ဆိုင်ကယ်ကို ၁ ဦးထပ်ပိုမစီးရဘူးလို အမိန့်ထုတ်ပြန်ခဲ့ပြီး ၁ ဦးထပ်ပြီးစီနင်းသူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ