မတ်လ (၂၇) ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီတပ်အင်အားဖြည့်ထားတဲ့ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ် အချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ပြောပါတယ်။
စစ်ကောင်စီတပ်အင်အား ၆၀ ဖြည့်တင်းထားတဲ့ ရေး-ထားဝယ်လမ်းပေါ်က ရေးတံတားကြီး စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေကိုခေါင်းပုံဖြတ်တာ၊ အခွန်တိုးကောက် တာတွေ ပြုလုပ်နေတာကြောင့် အခုလိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းထဲကို ကျရောက်ပေါက်ကွဲတဲ့အပြင် စစ်ကောင်စီတပ်ဘက်က Jammer (ဖုန်းလိုင်းဖြတ်စက်) တပ်ဆင်ထား တာကြောင့် ဒရုန်းဆုံးရှုံးခဲ့ရတဲ့အပြင် ထိခိုက်သေဆုံးမှုကိုတော့ မသိရှိခဲ့ဘူးလို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကပြောပါတယ်။
“ဒရုန်းဖျက်တဲ့ကောင်နဲ့ထိတော့ ဒရုန်းဂြိုလ်တုတွေ ဘာတစ်ခါမှအလုပ်မလုပ်တော့ဘူး ဒရုန်းလဲပျက် အသီးလဲကွဲ အဲ့လိုပုံစံမျိုး ဒရုန်းကသူတိုရဲ့ကင်းစခန်းကိုကျသွားတာတော့သေချာတယ်။ ဒရုန်းလဲ ပျက်သွားတော့ မှတ်တမ်းတချို့ပြန်မရတော့ဘူး။ သူ တို့ဘက်က ထိခိုက်သေဆုံးမှုလဲရှိနိုင်တယ်။ ပြီးတော့ပြည်သူတွေကို PDF ပါဆိုပြီး သတ်ပစ်လိုက်တာတွေရှိတယ်။ တံတားကြီးခွေးဆို လူတိုင်းသိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထိုဂိတ်တစ်ခုထဲမှာ လုံခြုံရေးတိုးမြှင့်ထားတာမဟုတ်ပဲ ရေးမြို့နယ် မြို့အဝင်အထွက်နေရာနဲ့ အဓိကကျတဲ့ နေရာတွေမှာ ကင်းပုန်းဝပ်တာ သံဖြူဇရပ်အောက်ပိုင်းကနေ တနင်္သါရီဆိုင်းဘုတ်အထိကို လုံခြုံရေးတိုမြှင့်ထားသလို့ စစ်ကောင်စီတပ်ဘက်က ပြန်လည်တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားတဲ့ အခြေအနေတွေရှိနေတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ကလည်း ရေးမြို့ခံတံတားနားမှာ စစ်ကောင်စီတပ်သား အင်အား ၁၅ ယောက်ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရေးဘီလူးအဖွဲ့က သွားရောက်တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား ၅ ဦး ထပ်မနည်း သေးဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ရေးဘီလူးအဖွဲ့