မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွာသစ်ကျေးကျေးရွာနဲ့ မဲကနယ်ကျေးရွာကြားမှာရှိတဲ့ ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြဝတီအမှတ် ၁ တံတားကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
မတ်လ ၂၅ ရက်နေ့ မနက် ၅ နားရီဝန်းကျင်အချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ KNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အခုလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့် မနက် ၉ နာရီအချိန်လောက်မှာ မြဝတီအမှတ် ၁ တံတားကို ယာယီပိတ်ထားလိုက်တာဖြစ်တယ်လို့ မြိုခံတစ်ဦးကပြောပါတယ်။
“မြို့ပြင်မှာတိုက်ပွဲဖြစ်လို့ခဏပိတ်ထားတယ်လို့ပဲပြောတယ်။ မနက်ဖန်လောက်မှ ဖွင့်မယ် မဖွင့်ဘူးဆို တာကိုသိရမယ်၊ အခုထိတော့ ဘာအခြေမှမထူးသေးဘူး”လို့ ပြောပါတယ်။
အခုလို မြဝတီကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲဖြစ်ပွားနေပေမဲ့ မြဝတီမြို့ထဲတနေရာမှာတော့ ဆင်၊ မြင်းတွေနဲ့ ရှင်လောင်းလှည့်ပတ်တာတွေပြုလုပ်နေတာလဲဖြစ်ပါတယ်။
လက်ရှိမှာလည်း မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သက္ကန်းညီနောင် တို့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကာင်စီတပ်တို့ တိုက်ပွဲတွေတစ်ပြိုင်တည်းဖြစ်ပွားနေပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ