မတ်လ (၂၅) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း ၊ ကလေး – တမူး လမ်းမပေါ်ရှိ ဘုက္ကန်ရဲစခန်းကို မတ်လ (၂၄) ရက်နေ့ မနက် ၇ နာရီကျော် အချိန်လောက်မှာ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ဝင်ရောက်စီးနင်းတိုက်ခိုက် ခဲ့ပါတယ်။
ဘုက္ကန်ရဲစခန်း၀င်းထဲမှာ ရဲတပ်ဖွဲ့ဝင်အင်အား (၁၅) ယောက်ဝန်းကျင်နဲ့ မိသားစုဝင်အနည်းငယ် နေထိုင်နေပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးတဲ့သူမရှိပေမယ့် ရဲ့တပ်ဖွဲ့၀င် (၄) ယောက် ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့သိရပါတယ်။
“စကစ ဘက်က သေဆုံးတာတော့ မတွေ့ရဘူး ။ တချို့က ထွက်ပြေးလို့ လိုက်ပစ်တာ မမိတဲ့သူတချို့လဲရှိတယ်။ ပြည်သူလူထုနဲ့ ကျွန်တော်တိုအဖွဲ့တွေ ထိခိုက်မိတာ မရှိပါဘူးခင်ဗျ” လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ပြောပါတယ်။
ရဲအုပ်အဆင့်ယူနီဖောင်းအပါအဝင် အခြားဆက်စပ် ပစ္စည်းမျိုးစုံနဲ့ လက်နက် ခဲယမ်းများစွာတိုကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ယခုစစ်ဆင်ရေးကို ဘုတ်ဌက်စစ်ဆင်ရေးအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဘုက္ကန်ရဲစခန်းကို ပထမဦးဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ် လို့လည်းဆိုပါတယ်။
ယခင်က ပြည်သူ့ကာကွယ်ရေးတပ်တော် တမူးတပ်ရင်း- ၃ အမည်နဲ့ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ထားသလို မတ်လ ၅ ရက်နေ့ကစတင်ကာ NLA အမည်နဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တွန်းလှန်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း – မေမီမင်းညို
ဓာတ်ပုံ – NLA