မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၄၀ ခန့်ကို မတ်လ ၂၃ ရက်နေ့ ည ၇ နာရီ အချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ၆၀ (မမ) လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေမှာ ဆပ်ကြေးကောက်ခံတာတွေနဲ့ အကြောင်းမဲ့ သေနတ်ပစ်ဖောက် တာတွေကြောင့် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တယ်လို့ NRG မှ ဒုတပ်ရင်းမှူး သူရိန် ကပြောပါတယ်။
“သူတို့တွေက ပြည်သူတွေကို ဒုက္ခပေးတယ် သေနတ်တွေလဲရမ်းပစ်နေတာ သူတို့ဘက်က ထိခိုက်သေဆုံးတာကို အတိအကျမသိရသေးဘူး”လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်က ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး National Revolutionary Guards (NRG/Salingyi) Chindwin Dynamite၊ WI AG ထုတ်လုပ်ရေးနှင့် တိုက်ခိုက်ရေးတပ်မှ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ကိုင်းရွာက စစ်ကောင်စီတပ်၊ ပျူစောထီး အင်အား ၁၂၀ ခန့်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖစ်ပွားခဲ့ပြီး အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ တပ်သားတွေကို ညောင်ပင်ကြီး ဇာတ်ဆိပ်ကနေ မုံရွာမြို့ပေါ်ကို သယ်သွားတယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ