မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ညောင်ကိုင်းရွာကနေ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားအပါအဝင် ပျူစောထီး ၅ ဦး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန်မှာ ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူအနားမှာ စစ်ကောင်စီတပ်အုပ်စုကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နေရာမှာပင်ပွဲချင်ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF) အဖွဲ့မှ ရဲဘော်ဗလကြီးကပြောပါတယ်။
“သူတိုအဲ့ဒီမှာတပ်စွဲထားတာ တစ်နှစ်ကျော်ပြီ စစ်သား ၁ ယောက်နဲ့ ပျူစောထီး ၂ ယောက် အဲ့ဒီ နေရာမှာပဲ ပွဲချင်းပြီးသေတာ၊ ကျွန်တော်တို့ဘက်ကတော့ အကုန်လုံးဘေးကင်းခဲ့တယ်” လို့ ပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(T.T.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖားရွှေကျော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်(တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် -၂ မဟာမိတ်အင်အားစုများမှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့ မတ်လ ၁၄ ရက်နေ့ မနက်၁၀ နာရီဝန်းကျင်အချိန်ကလဲ ညောင်ကိုင်းရွာကထွက်လာတဲ့ ပျူစောထီး ဖိုးလုံးရဲ့ ကားကို ဂျိုးမြေဇင်း၊ ထန်းနှောင်းကိုင်း၊ မြို့လှရွာ လမ်းသုံးခွအအရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ညောင်ကိုင်းပျူရွာက ပျူစောထီးနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)