မတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၉ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်အချိန်မှာ ၆၀ မမ ၄ လုံး၊ ၁၂၀ မမ ၄ လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး (နမခ) အတွင်းထဲက ဂိတ်တွေပေါ်ကိုကျရောက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ဓာတုလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ တပ်ရင်း ၃ တပ်ရင်း ၄ ၏ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
လက်နက်ကြီးနဲ့ သွားရောက်ပစ်ခက်ပြီးနောက် စစ်ကောင်စီတပ်အတွင်းက ဓါတ်ငွေ့ဗုံးတွေနဲ့ ပြည်လည် ပစ်ခက်ခဲ့တဲ့ အတွက် ပြန်လည်ဆုပ်ခွဲခဲ့ရတယ်လို့ မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“လက်နက်ကျည် ကျလာပြီ gas ထွက်လာတာ အရင်ကတစ်ခါ ခံဘူးတော့ ချက်ချင်းဆုတ်လာတာ၊ ကျွန်တော်တို့ဘက်က အထိအခိုက်တော့မရှိဘူး။ အဲ့ဒီ နမခကိုလဲ ကျွန်တော်တို့ဘက်ကခဏခဏ သွားပြီး ပစ်ခက်တာတွေရှိတယ်” လို့ ပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အခုလို တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ တပ်ခွဲ ၄၊ Fight For People-F.F.P PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိတ်ပိုင်း ခေါင်းဆောင်တွေရောက်ရှိနေပြီး စည်းရုံးဟောပြောနေတဲ့အချိန်လဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုအတိအကျမသိရသေးပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ ကလည်း မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ရုပ်သံ – မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force )