မတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာရှိတဲ့ အတ္ထရံတံတားကို ပြုပြင်နေတာကြောင့် မတ်လ ၁၄ ရက်နေ့ ညနေပိုင်းကစပြီး တံတားဖြတ်သန်းသွားလာမဲ့ယာဥ်တွေကို အကန့်အသတ်နဲ့သာ သွားခွင့်ပြုတာကြောင့် ယာဥ်တန်းပိတ်ဆိုတာတွေရှိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
မော်လမြိုင်မြို့ကနေ ဘားအံမြို့ဘက်ကိုဆက်သွယ်ထားတဲ့ အတ္ထရံတံတားမှာ သွယ်တန်းထားတဲ့ သံမဏိကြိုးတွေကို ပြုပြင်မှုတွေပြုလုပ်နေပြီး ကားတွေကို အကန့်အသတ်နဲ့သာ ပေးသွားနေတာကြောင့် ယာဥ်တန်းပိတ်ဆိုမှုများနေတယ်လို့ ယာဉ်မောင်းတစ်ဦးက အခုလိုပြောပါတယ်။
“အခုက ကားတွေကို တစ်ဖက်သွားပြီးမှ နောက်တဖက်ကိုပေးသွားတာ၊ ယာဥ်တန်းကအရှည်ကြီးဘဲ ၊ ညနေ၆နာရီလောက်က မော်လမြိုင်မြို့အထွက်နားက ဟင်္သါအဝိုင်းပတ်ကနေစောင့်တာ ည ၈ နာရီ လောက်မှ ဖြတ်ရတယ်၊ ဆိုင်ကယ်တွေကတော့ သွားလိုရတယ်” လို့ ပြောပါတယ်။
အခုလိုကားလမ်းပတ်ဆိုနေတာကြောင့် ကားသမားတစ်ချို့ဟာ ကျိုက်မရောဘက်ကိုဆင်းပြီး စံပယ်ဂူတံတားကနေတစ်ဆင့် ဖြတ်သန်းသွားလာကြပြီး မိနစ် ၄၀ နီးပါးသွားရတာကြောင့် အရင်ကထက် ဆီဖိုးပိုကုန်တယ်လို့ အဆိုပါ ကားသမားတစ်ဦးက ပြောပါတယ်။
အတ္ထရံတံတားကို ၁၉၉၈ ခုနှစ် မတ်လက ၅၃ ကြိမ်မြောက် တပ်မတော်နေ့အခန်းအနားမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သက်တန်းအားဖြစ် နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်၊ ဦးသိန်းစိန်လက်ထပ်ကလည်း အဆိုပါ အတ္ထရံတံတားပျက်စီးခဲ့တာကြောင့် ယာဥ်ကြော ပိတ်ဆိုတာတွေဖြစ်ပေါ်ခဲ့ပြီး ဒေသခံတွေမှာ အသွားအလာ အခက်အခဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ -U U Hpa-An Thar