မတ်လ (၁၃) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်က မီးရှို့ခံရတဲ့ကျေးရွာတစ်ရွာထဲက အိမ်ခြေ ၃၈၆ လုံးအတွက် ၆၃ သိန်းကျပ် တန်ဖိုးရှိတဲ့ ဆန်၊ ဆီနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ထောကပံ့ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၂ ရက်နေ့ကသွားရောက်လှူဒါန်းခဲ့ပြီး တစ်အိမ်ထောင်လျှင် ထမင်းချက် ဒန်အိုး ၁လုံး၊ ဇလုံ ၁လုံး၊ ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခွက်၊ ဆန် ၁ ပြည်၊ဆီ ၅ ကျပ်သားနဲ့ ငါးသေတ္တာ ၁ ဗူးနှုန်း သွားရောက် လှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုဒီရွာကို လှူဒါန်းတာကတော့ပထမဦးဆုံးအကြိမ်ပါ၊ ဒေသခံတွေအနေနဲ့ကတော့ လိုအပ်တာက တော့ အများကြီးပဲလေ၊ အိမ်အလုံးလိုက် မီးရှို့ခံလိုက်ရတာဗျာ ဘာမှမရလိုက်ကြဘူး၊ စားဖို့အနိုင်နိုင်ဗျာ၊ ရှေ့လျောက်နွေရာသီမှာ အိမ်မရှိဘဲ ဘယ်လိုနေကြမလဲ နေလိုအဆင်မပြေဘူးလေ ဟုတ်ပါတယ် လတ်တလောက နေရေးထက် စားရေးကပိုပြီးလိုအပ်နေပါတယ်လို့”ပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ဘေးရှောင်တွေကိုလဲ ကူညီထောက်ပံ့မှုတွ လုပ်ဆောင်ပေးသလို ပြောက်ကျားသပိတ်တွေကိုလဲ ဖော်ဆောင်နေတယ်လို့သိရပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ဆားထုံးရွာ၊ တောကျောင်းရွာနဲ့ လက်ပံကျွန်းရွာတွေအပါအဝင် ၁၅ ရွာလောက်ကို မီးရှို့ခဲ့ပြီး ယင်းမာပင်၊ ကနီမြို့တွေ ဘက်က မီးရှို့ခံရတဲ့ ကျေးရွာတချို့ကို ထောက်ပံ့ပစ္စည်းတွေ ပေးဝေခဲ့တဲ့အပြင် အိမ်ထောင်စု ၉၃၉ စုအတွက် လှူဒါန်းနိုင်ခဲ့ပြီး အခုကတော့ ၇ ကြိမ်မြောက်လှူဒါန်းတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့