မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တာ ၃ လနီးပါးကြာတဲ့အထိ မီးပျက်နေဆဲဖြစ်တာမို့ ရေမီတာတွေ အရင်ကထက် ဈေးနှုန်းမြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေမီတာရဲ့စျေးနှုန်းက အရင်ကထက် ၂ဆ မြင့်တက်လာတဲ့အတွက် မြဝတီမြို့မှာ နေထိုင်တဲ့ လက်လုပ်လက်စား ဒေသခံတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့ရတယ်လို့ဆိုပါတယ်။
“အခုရေဖိုးက တစ်ယူနစ်ကို ၃၀၀၀ ပေးရတယ်၊ အရင်လက တစ်ယူနစ်ကို ၈၀၀ ဘဲပေးရတာ၊ မြန်မာနိုင်ငံကမီးမလာတော့ ထိုင်းကနေယူထားရတယ်လေ၊ ဒါတောင် မီးကြိုးမမှီတဲ့နေရာတွေကို မီးကမရဘူး၊ မီးစက်ရှိတဲ့အိမ်တွေကတော့ မီးစက်နှိးပြီး သုံးနေကြတယ်” လို မြဝတီမြို ဒေသခံတစ်ဦးက ပြောပါတယ်။
မြဝတီမြို့နယ်ကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ သင်္ဃန်းညီနောင်က ပင်မထရန်စဖော်မာကို ဒီဇင်ဘာလ ၁၅ ရက်နေ့ညက ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တာပဲဖြစ်ပါတယ်
သင်္ဃန်းညီနောင်က ပင်မထရန်စဖော်မာတိုက်ခိုက်ခံခဲ့ရတာကြောင့် မြဝတီမြို့အပါအဝင် ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာ ဒီနေ့အချိန်ထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတာလည်း ဖြစ်ပါတယ်။
သတင်- ကိုဖြိုး
Photo – CJ