မတ်လ (၉) ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်အုပ်စု၊ ကျွန်းအိုရွာက စစ်ကောင်စီတပ်ကို ဆပ်ကြေးကောက်ပေးနေတဲ့ ပျူစောထီး (၁) ဦး ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ထိုပျူစောထီးကို မတ်လ ၇ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ် ဝန်းကျင်အချိန်မှာ ပစ်သတ်ရှင်းလင်း ခဲ့တာဖြစ်ပြီး ကျွန်းအိုကျေးရွာအပါအဝင် အနီးအနားကျေးရွာမှာ စစ်ကောင်စီတပ်ကို ငွေကြေး ကောက်ခံပေးတဲ့အပြင် အနိုင်ကျင့်ခြိမ်းခြောက်တာတွေလုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ် ရှင်းလင်းခဲ့တာလို Young Force -UG မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“သူ့ကို နေအိမ်မှာပဲရှင်းခဲ့တာ။ သူ့ကိုသွားဖမ်းတဲ့အချိန်မှာ သူကအရင်စပြီးပစ်တာ ဒါပေမဲ့ သူ့သေနတ်က ကျည်မထွက်တဲ့အခါကျတော့ သူထွက်ပြေးတာ အဲ့တာကျွန်တော်တို့ကနောက်ကနေလိုက်ပစ်တော့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ” လို့ ဆိုပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်ရှိတဲ့ စိုးမြင့်သန်းဖြစ်ပြီး အခုလိုရှင်းလင်းပြီးနောက် လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့် နဲ့ လက်ကိုင်ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုလုပ်ဆောင်မှုကိုတော့ Young Force – UG အဖွဲ့၊ Taung Latt PDF-YSO နဲ့ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလဲ ပခုက္ကူမြို့နယ် ရှင်မတောင်ပေါ်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက် ခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
Photo – Young Force – UG