မတ်လ (၈) ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ ထိုင်းဘက်ခြမ်းကို ၇ ရက်တာ ကမ်းကူးခွင့်လက်မှတ်နဲ့ လာရောက်လည်ပတ်တဲ့လူတွေဆီက မှတ်ပုံတင်တွေကို လူဝင်မှုကြီးကြပ်ရေးက သိမ်းယူထားတယ်လို့ ထိုင်းဘက်ခြမ်းကို လာရောက်လည်ပတ်သူတွေဆီကနေ သိရပါတယ်။
ယခင်က မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ ထိုင်းဘက်ခြမ်းကို ၇ ရက်တာ ကမ်းကူးခွင့်လက်မှတ်နဲ့ လာရောက်လည်ပတ်တဲ့အခါ မှတ်ပုံတင်ကို ပေးဆောင်ခဲ့ရတာမျိုးမရှိဘဲ လက်ရှိအချိန်မှာတော့ မြဝတီမြို့ကနေ ထိုင်းဘက်ခြမ်းကို ၇ ရက်လည်ပတ်ခွင့်လက်မှတ်နဲ့ လာရောက်လည်ပတ်သူတစ်ချို့ဟာ ပြန်မလာတာကြောင့် လည်ပတ်သူတွေရဲ့ မှတ်ပုံတင်တွေကို သိမ်းယူထားတာဖြစ်တယ်လို့ လည်ပတ်သူတစ်ဦးက အခုလိုပြောပါတယ်။
“မှတ်ပုံတင်ကပြန်လာရင်ပြန်ယူပေါ့ သူတို့က ပြန်မလာမှာကို စိုးရိမ်နေကြတာ ဒီလိုဘဲလာလည်ပြီး ပြန်မလာသူတွေလည်းရှိတော့ သိမ်းထားမယ်ဆိုပြီး ယူထားကြတာ” လို့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ Covid (19) ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်ပြနိုင်တဲ့သူတွေသာ လာရောက်လည်ပတ်ခွင့်ရှိတာကြောင့် တံတားထိပ်မှာ covid ကာကွယ်ဆေးထိုးထားတဲ့လက်မှတ်တွေကို လူဝင်မှုကြီးကြပ်ရေးက ပိုက်ဆံ ၅၀၀၀၀ ယူပြီး ထုတ်ပေးနေတယ်လို့ သိရပါတယ်။
မဲဆောက်နဲ့မြဝတီကိုဆက်သွယ်ထားတဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)ဟာ COVID-19 ကစလို့ အာဏာသိမ်းတဲ့အထိ သုံးနှစ်လောက်ပိတ်ထားခဲ့ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁) ကို Covid 19 ရောဂါစတင်ပျံ့ပွာချိန်က စပြီး အာဏာသိမ်းတဲ့အထိ (၃) နှစ်လောက်ပိတ်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
Photo – CJ