မတ်လ (၆) ရက်၊ ၂၀၂၃ ခုနှစ်
ရန်ကုန်မြို့ ၊ ကန်ဘဲ့လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းထောင့်မှာ မတ်လ ၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်က မော်တော်ယာဉ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်စဉ်ဖြစ်ပွါးခဲ့ပါတယ်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အိမ်စီးကားအမျိုးအစား ၂ စီး တိုက်မိတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး အနက် ၁ ဦးမှာ ရင်ဘတ်အောင့်တဲ့ဒဏ်ရာနဲ့ စံပြဆေးရုံ ကို ပိုဆောင်ပေးထားတယ်လို့ သိရပါတယ်။
“ထိခိုက်မိတဲ့သူက ၂ ဦးပါတယ်။ တစ်ဦးကိုတော့ စံပြဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံပို့လိုက်တဲ့လူနာက ရင်ဘတ်အောင့်တဲ့လူနာပါ။ သူက ယာဉ်မောင်းဘေးမှာ ထိုင်တဲ့သူပါ” လို့ မေတ္တာအလင်းလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် မော်တော်ကား ၁ စီးမှာ လက်ဘေး ပလက်ဖောင်းပေါ် ရောက်ရှိနေပီး နောက်ထပ် တစ်စီးမှာ ကားဦးခေါင်း တခြမ်းနီးပါး ပိန်သွားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံနေရာ တော်တော်များများမှာ ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွါး နေတာကိုလည်းတွေ့ရှိရပါတယ်။
သတင်း – မေမီမင်းညို
Photo – မေတ္တာအလင်းလူမှုကူညီရေးအသင်း