မတ်လ (၃) ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် Passport ရုံးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ပွဲစားတွေက ငွေကြေးအဆမတန် တောင်းခံတာတွေကို ပြုလုပ်နေတယ်လို့ MOU နဲ့ ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်မဲ့ လုပ်သားတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံက Passport ရုံးတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ပိတ်ထားတာဖြစ်ပြီး အခုလိုပြန်ဖွင့်တဲ့အချိန်မှာ ပွဲစားတွေက ငွေကြေးအဆမတန်ကောက်ခံနေကြတာကြောင့် ပိုက်ဆံမပေးနိုင်ရင် လက်မှတ်ရဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ MOU လုပ်သားတစ်ဦးက အခုလိုပြောပါတယ်။
“အခု Passport ရုံးတွေက သူတိုအခြစိုက်တဲ့နေရာတွေမှာ အကုန်ပြန်ဖွင့်နေပြီး၊ ဖွင့်ပြီး အွန်လိုင်းကနေပြီးတော့ လျှောက်လိုရအောင်လုပ်တယ်၊ ၄ရက်လောက်နေပြီးတော့ ပိတ်လိုက်တယ်၊ ဘာလိုပိတ်လိုက်လဲဆိုတော့ လျှောက်တဲ့လူတွေကများတယ်၊ ပွဲစားတွေကလည်း ပိုက်ဆံတွေအများကြီးယူတယ်၊ အဲဒါကြောင့် ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်၊ အခုတော့ ဘားအံ Passport ရုံးမှာအများကြီးလာလုပ်ကြတယ်၊ ၁ ရက်ထဲအပြီးဆို ၂ သိန်းလောက်ပေးရတယ်၊ တကယ်လို့ စောင့်မယ်ဆိုရင် ၂ ပတ်လောက်စောင့်ရတယ်၊ အဲ့ဒါက ၆ သောင်းလောက်ပေးရတယ်” လို့ MOU လုပ်သားတစ်ဦးက ပြောပါတယ်။
အခုချိန်မှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်သူတွေသောင်းနဲ့ချီရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပွဲစားတွေက ပိုက်ဆံတောင်းယူတာတွေ ပိုဆိုးလာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံကို MOU စနစ်နဲ့သွားရောက်လုပ်ကိုင်သူတွေကို ပွဲစားတွေက ပိုက်ဆံယူပြီး ပိုပေးနေသော်လည်း ထိုင်းနိုင်ငံကိုရောက်တဲ့ အခါမှာတော့ လုပ်ခလစာအပြည့်အရတာတွေ၊ အလုပ်မကြာခဏပြောင်းရွှေ့ခံရတာတွေကို ကြုံနေရတယ်လို့ ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်နေသူတွေထံက သိရပါတယ်။
ကိုဖြိုး