ဖေဖော်ဝါရီလ (၂၈) ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာက သက်တော်ရ ဘုန်းတော်ကြီးကျောင်း က ဘုန်းကြီး ၁ ပါးနဲ့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စပြုလုပ်တဲ့ ရွာသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ တပ်မ ၃၃ က ထွက်လာတဲ့ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မနက် ၆ နာရီဝန်းကျင်အချိန်လောက်မှာ ပြည်တော်သာကျေးရွာက အုပ်ချုပ်ရေးမှုးရဲ့ လမ်းပြမှုနဲ့ရောက်ရှိလားပြီး ဘုန်းကြီး ၁ ပါးနဲ့ ရွာသား ၄ ဦး ဖမ်းဆီးခဲ့တဲ့အပြင် ဖုန်းကြီးကျောင်းက ကားကိုလဲသိမ်းဆည်းခဲ့တယ်လို ဒေသခံတွေကပြောပါတယ်။
“စစ်ဘေးရှောင်တွေကိုလက်ခံထားလို့ သတင်းပေးပြီးတိုင်တဲ့သူတွေရှိလို့ကို လာဖမ်းတာလိုတော့ ထင်တာပဲ။ အနောက်ဘက်က ရွာတွေမီးရှို့ခံရတော့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတာ၊ လူဦးရေတော့များတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ၂ ဦးကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး နှိပ်စက်ညှင်းပမ်းတာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတည်းက ရွာသစ်ကြီး အနောက်ဘက်က ခုနစ်ရွာတန်းကျေးရွာရှိ မြင်းဆည်ရွာ၊ တာတိုင်ရွာနဲ့ သုံးလင့်ရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး မြေဆည်ရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တာကြောင့် အနီးနားရှိ ကျေးရွာကဒေသခံပြည်သူတွေ ရွာသစ်ကြီးကျေးရွာက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေရတာလဲဖြစ်ပါတယ်။
နော်ဖူးဖူး