ဖေဖော်ဝါရီလ (၂၄) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပေါ့်ထော်ရွာမှာရှိတဲ့ နေကြာပန်းခင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် လာရောက်လည်ပတ်ချိန်မှာ ဒရုန်းနှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံ ခဲ့ရတယ်လို ဒေသခံတွေထံက သိရပါတယ်။
နေကြာပန်းခင်းမှာ ဝန်ကြီးချုပ်နဲ့ ရွာကတာဝန်ရှိသူတွေ စကားပြောနေကြချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို သိရပါတယ်။
“မနက်အစောကြီး သူတိုစကားပြောနေတဲ့အချိန် ဒရုန်းနဲ့လာတာ၊ နောက်တော့ စစ်သားတွေ တစ်ချက်ရှုပ်တယ်၊ နောက်ပိုင်းတော့ဘာမှမဖြစ်ဘူး”လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒရုန်းနဲ့ဗုံးကြဲချပြီးတဲ့နောက်ပိုင်းမှာ ဒရုန်းပစ်သေနတ်နဲ့ ပစ်ချခဲ့တာကြောင့် ဒရုန်းတစ်စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုချိန်မှာ ဘားအံမြို့နဲ့ အနီးနားကျေးရွာတွေက ရပ်ကွက်ရုံးတွေမှာ ဗုံးပေါက်ကွဲတာတွေ မကြာခဏဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်က အစစ်အဆေးတွေကို ပိုမိုတင်းကြပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကိုဖြိုး
