ဖေဖော်ဝါရီလ (၂၄) ရက်၊ ၂၀၂၃ ခုနှစ်
ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်မှာ စစ်ကောင်စီတပ်က ဆန်နဲ့ ဆီတွေကို ဖားကန့်မြို့ထဲ တင်သွင်းခွင့်မပေးတာကြောင့် ဈေးမြင့်တက်လာပြီး ကုန်ပစ္စည်းတွေပြတ်လပ်လာတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဖေဖော်ဝါရီလပိုင်းကစပြီး ဖားကန့်မြို့က ဆန်တင်သွင်းမဲ့ ကားတွေကို နန့်ယားစစ်ဆေးရေး စစ် ကောင်စီတပ်ဂိတ်က ပေးမသွားတာကြောင့် ဆန်များပြတ်လပ်လာပြီး ဆန်ဈေးတွေမြင့်တက်လာ နေတာလဲဖြစ်ပါတယ်။
“ဈေးတက်နေတာကတော့ဟုတ်တယ်၊ စစ်တပ်ကပိတ်ထားတယ် အိမ်စီးကားတွေနဲ့တော့ ပေးသယ်တယ်၊ ကားတစ်စီးကို ဆန်တစ်အိတ်နှစ်အိတ်ထိပဲ ပေးသယ်တာ ပိုက်ဆံပေးပြီးတော့ သယ်ရတာပေါ့၊ အခြေခံလူတန်းစားတွေအတွက်ကတော့ ပိုပြီးခက်ခဲလာတာပေါ့လို့” ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်စီးကားတွေနဲ့ ဆန်ကိုသယ်လို့ရပြီး မိုးကောင်းကနေ ဖားကန့်မြို့အထိ ဆန်တစ်အိတ်ကို သယ်ယူစရိတ် ကျပ် ၁၅၀၀၀ ခွဲပေးပြီး သယ်ဆောင်နေရကာ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၂၀၀၀၀ ဝန်းကျင်ထိရှိလာပြီလို့လဲ သိရပါတယ်။
လက်ရှိမှာ ဓာတ်ဆီ ၁ ဂါလံကိုလဲ နှစ်သောင်းနီးပါးပေးဝယ်နေရပြီး စစ်ကောင်စီတပ်က ဆန်နဲ့ ဆီတင်သွင်းခွင့် မပေးတာကြောင့် အခုလိုပြတ်လပ်နေတာပါ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလဲ ဆီကားတွေကို ပေးမသွားတာကြောင့် ဆီပြတ်ခဲ့ပါသေးတယ်။
နော်ဖူးဖူး
