Site icon People’s Radio Myanmar

ရှရော်ခကျေးရွာက စစ်ရှောင်နေအိမ်တွေကို တရားမဝင်ကျောက်တူးသမားတွေကဖယ်ရှားခိုင်း

ဖေဖော်ဝါရီလ (၂၃) ရက်၊ ၂၀၂၂ ခုနှစ်

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာက စစ်ဘေးရှောင် ပြည်သူတွေ အများဆုံးနေထိုင်တဲ့ နေအိမ်တဲ တွေကို တရားမဝင်ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တွေက ရွှေ့ပြောင်းစရိတ် (၁)သိန်းပေးမယ်ပြောပြီး အတင်းအဓမ္မဖယ်ရှားခိုင်းနေတယ်လို့ သိရပါတယ်။

ရှရော်ခကျေးရွာမှာ ကျောက်တူးလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ စပြီး နေအိမ်တွေကို ဖယ်ရှားခိုင်းတာဖြစ်ပြီး ရွှေ့ပြောင်းစရိတ် တစ်သိန်းနဲ့ ၁၅ ပေကျယ်ဝန်းရှိတဲ့ မြေနေရာကို အလျော်ပေးမယ်ပြောပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးအပြီး ဖယ်ရှားခိုင်းတာလဲဖြစ်ပါတယ်။

“သူတို့အလျော်ပေးမယ်လို့တော့ ပြောတာပဲ ပြောတဲ့နေရာက မျောချောင်းနေရာ၊ အဲ့ဒီနေရာက မိုးရာသီဆိုရင် အဆင်မပြေနိုင်ဘူး၊ မိုးရာသီရောက်တာနဲ့ ကုန့်အမြင့်ကနေ ရေတွေစီးပြီးတော့ လူမပြောနဲ့ အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါတဲ့နေရာမို့လို့ ဒုက္ခရောက်တယ်လို့” ကျေးရွာမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

Photo CJ

ကျေးရွာမှာနေထိုင်တဲ့ပြည်သူအများစုဟာ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဖားကန့်ဘက်ကို ပြောင်းရွှေ့နေထိုင်းပြီး ရရာအလုပ်ကို လုပ်ကိုင်နေကြသူတွေလဲဖြစ်ပါတယ်။ အခုလို နေအိမ်တဲတွေကို အတင်းအဓမ္မဖယ်ရှားခိုင်းတာကြောင့် ရွှေ့ပြောင်းလာတဲ့ ပြည်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ကျေးရွာထဲမှာက အိမ်ခြေ (၁၅၀) လောက်ရှိတယ်၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်ကလဲ ၅၀၀ ဝန်းကျင်လောက်ရှိတယ် ကျွန်တော်တို့က စစ်ဘေးရှောင်တွေလဲဖြစ်တော့ ပိုခက်ခဲတာပေါ့လို့” ပြောပါတယ်။

ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီအားလုံးဟာ အရပ်သားအစိုးရလက်ထပ်ကတည်းက သက်တန်းကုန်ဆုံးခဲ့တာဖြစ်ပြီး အခုအချိန်မှာ စစ်တပ်နဲ့ KIA ကို အခွန်ပေးဆောင်ပြီး နားလည်မှုနဲ့ တူးဖော်နေကြတာလဲဖြစ်ပါတယ်။

နော်ဖူးဖူး

Photo CJ
Exit mobile version