ဖေ ဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မလည်တိုက်နယ်မှာရှိတဲ့ မြေမွန်ရွာကို စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၉ က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အင်းအား ၇၀ ကျော်နဲ့ ဝင် ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
မြေမွန်ရွာမှာ အိမ်ခြေ ၅၅၀ ရှိပြီး မဟာဗောဓိမြိုင်ဆရာတော် သတင်းသုံးတဲ့ တောရကျောင်းနဲ့ ၂ မိုင် ခန့်သာကွာဝေးပြီး အခုလိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် မြေမွန်ကျေးရွာအပါအဝင် အနီးအနားရှိ ရွာပေါင်းလေးရွာက ဒေသခံပြည်သူ ၅၀၀၀ ကျော် ထွက်ပြေတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

“မြေမွန်ရွာကို မီးရှို့တာကတော့ ပထမဦးဆုံးအကြိမ်ပဲ။ အခုလိုစစ်ရှောင်တွေလဲများလာလေ မြေပြင်မှာကူညီပေးနေတဲ့သူတွေအတွက် ပိုခက်ခဲလာလေပဲ စစ်ဘေးရှောင်တွေအတွက် အခြေခံ စားသောာက်ကုန်တွေ အနွေးထည်၊ စောင်၊ မိုးကာ၊ ဆေးဝါးတွေ လိုအပ်နေပါတယ်လို့” ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြေမွန်ရွာကိုမီးရှို့ပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စကျင်ရွာတောင်ဘက်က တရော်ကိုင်းရွာကိုလည်း မီးရှိဖျက်ဆီး ခဲ့တယ်လို့သိရပါတယ်။ အခုလိုမီးရှို့ ခဲ့တာကြောင့် မြေမွန်ရွာ၊ သီရိမွန်ရွာ၊ စကျင်ရွာနဲ့ တရော်ကိုင်းရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
