ဖေဖော်ဝါရီလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲကို ဆီကားများပေးမဝင်တာကြောင့် ဖားကန့်မြို့ထဲမှ ာဓာတ်ဆီများဝယ်ယူလိုမရပဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဖေဖော်ဝါရီလကစပြီး ဆီကားများမဝင်တာကြောင့် ဖားကန့်မြို့ထဲမှာရှိတဲ့ ပန့်နဲ့ရောင်းချတဲ့ဆီ ဆိုင်အားလုံးနီးပါးပိတ်ထားခဲ့ရပြီး လမ်းဘေးမှ ာပုလင်းနဲ့ရောင်းချနေတဲ့ဆိုင်တချို့ရှိနေပါတယ်။
ဓာတ်ဆီကားတွေဟာ ဖားကန့်ကိုလာတဲ့လမ်း ကားမိုင်းဂိတ်ထိရောက်ရှိခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေကဖားကန့်မြို့ကို ဆီကားများမပေးသွားတဲ့အတွက် ဒေသခေါ် (၈)မိုင် ခေါ်တဲ့လမ်းဆုံကို ဆီကားများအားလုံးပြန်ဆုတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကားလမ်းက ပိတ်ထားတော့ ဆီတင်တဲ့ ကားတွေက (၈) မိုင်ကို ပြန်သွားနေရတယ် မြို့ထဲကို ဓါတ်ဆီကားတွေ ပေးမဝင်တော့ အခုဆို မြို့ထဲမှာ ဆီတစ်ဂါလံကို နှစ်သောင်းကျော်ထိပေးဝယ်ရတယ် ဒါတောင်ဆီပန့်ဆိုင်ကြီးတွေမှာဝယ်မရဘူး လမ်းဘေးကပုလင်းနဲ့ချိန်ပြီးရောင်းတဲ့ဆိုင်မှာမဖြစ်မနေဝယ်နေရတယ်။ ဆီဆိုင်ကြီးတွေကလဲမဖွင့်တော့ ပုလင်းနဲ့ရောင်းတဲ့ဆိုင်မှာ ကျွန်တော်ဝယ်ခဲ့ရတာ တစ်ပုလင်းကို ၄၀၀၀ ပေးခဲ့ရတယ်။ ပန့်ဆိုင်တချို့မှာတော့ ပရီမီယမ်လိုခေါ်တဲ့ ဒီဇယ်အနည်းငယ်ရသေးတယ်လို့”ဒေသခံတစ်ဦးကပြောပါတယ်။

အခုလိုဆီပြတ်လပ်မှုကြောင့် ဒေသတွင်းမှာ သယ်ယူစရိတ်၊ ပိုဆောင်စရိတ်တွေအပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုလဲခံနေရတယ်လိုဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေရှိပြီး လူဦးရေများတာကြောင့် သွားလာရာမှာအခက်အခဲဖြစ်နေပြီး အခုလိုဖြစ်စဥ်မျိုးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းကလဲဖြစ်ခဲ့ပြီး အခုလိုဆီကားတွေကိုပေးမသွားတာကြောင့် ဆီပြတ်ခဲ့ပါသေးတယ်။
