ဖေဖော်ဝါရီလ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုမှာ ကွမ်းသီးအဝယ်ရပ်ထားတာကြောင့် ကွမ်းသီးစိုက်ပျိုးသူတွေနဲ့ ကွမ်းသီးလုပ်ငန်းကိုအဓိကလုပ်ကိုင်သူတွေ အရှုးနဲ့ရင်ဆိုင်နေရတယ်လို ကွမ်းသိီးလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီလ လကုန်ပိုင်းကစပြီး ကွမ်းသီးအဝယ်ရပ်ထားတာကြောင့် ကွမ်းသီးလုပ်ငန်းကိုလုပ်ကြတဲ့ အရှေ့တော့နယ်ဒေသတချိုမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာကြောင့် ကကွမ်းသီးခြောက်တွေ ရှားပါးလာပြီး ကွမ်းသီးအစိုတွေကိုသာရရာဈေးနဲ့ရောင်းချနေရတယ်လို ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
“ထားဝယ်မှာကွမ်းသီးအဝယ်ရပ်ထားတော့ ကွမ်းသီးအဓိအားကိုးတဲ့ကျွန်မတိုတော်တော်ဒုက္ခရောက်တယ်။ တချိုရွာတွေမှာလဲတိုက်ပွဲတွေဖြစ်နေတော့ ခြံကိုပစ်ပြီးပြေးရတယ်။ကွမ်းသိးအခြောက်မလုပ်နိုင်ကြဘူး။ အစိမ်းကိုပဲရရာဈေးနဲ့ရောင်းနေတယ်လို”ဆိုပါတယ်။

ကွမ်းသီးတွေရောင်းချဖို ထားဝယ်ကိုပိုဆောင်ရာမှာလဲ လမ်းမှာ စစ်ကောင်စီတပ်ဂိတ်တွေကို တစ်ဂိတ်လျှင် တစ်သောင်းကျော်ကနေ နှစ်သောင်းဝန်းကျင်ထိပေးဆောင်နေရတဲ့အပြင် ကွမ်းသီတွေကိုလဲ ရရာဈေးနဲ့ရောင်းချရတာကြောင့် အရှုးနဲ့ရင်ဆိုင်နေရတာလဲဖြစ်ပါတယ်။
အရှေ့တော့နယ်မှာရှိတဲ့ ခမောင်းသွယ်ကျေးရွာအပါအဝင် အနီးရှိရွာ ၁၁ ရွာက ကွမ်းသီးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစတင်ကာ လမ်းခရီးအခက်အခဲတွေကြောင့်ကွမ်းသီးသယ်ယူဖိုခက်ခဲခဲ့ပြီး အခုလဲကွမ်းသီးအဝယ်ရပ်ထားတာကြောင့် ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူတွေ အရှုးနဲ့ရင်ဆိုင်နေရတာလဲဖြစ်ပါတယ်။
