ဖေဖော်ဝါရီ ၁၃ ရက် ၂၀၂၃
ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) မနက် ၁၁ နာရီခန့်က လွိုင်ကော်၊ ထီးရိကျေးရွာအတွင်း လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ၂ နှစ်ခွဲအရွယ် ယောကျာ်းလေးတဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
“လွိုင်ကော် မြို့အထွက်နားကိုကျတာပေါ့၊ ထီးရိရွာဘက်၊ အဲ့ဒီချိန် ကလေးက ယာခင်းထဲရှိနေတာ၊ လက်နက်ကြီးကျတာ သူ့နေရာနဲ့ နည်းနည်းတော့ဝေးတယ်၊ လက်နက်ကြီးအစ လာရှပ်ထိတာပေါ့၊” လို့ ဒဏ်ရာရခဲ့တဲ့ ကလေးငယ်ကို ဆေးရုံပို့ဆောင်ပေးခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။
လက်နက်ကြီးစက မောင်ရွှေသဲရဲ့ ညာခြေထောက်ကို ရှပ်ထိခဲ့တာပါ။ ဒဏ်ရာအခြေအနေက မစိုးရိမ်ရတော့ပဲ ချက်ချင်း ဆေးရုံဆင်းပြီး နေအိမ်ပြန်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယခု ထိခိုက်တဲ့ကလေးအပါအဝင် ဖေဖော်ဝါရီလအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦး ရှိနေပြီ ဖြစ်ပါတယ်။

Photo – ရွှေလွိုင်ကော်ပရဟိတအသင်း