ဖေဖော်ဝါရီလ (၁၀) ရက်၊ ၂၀၂၃ ခုနှစ်။
မွန်ပြည်နယ်၊ ရေး-လမိုင်းမြို့နယ် မော့ကနင်ကျေးရွာအုပ်စု စုစည်းမြိုင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါးထိမှန်ခဲ့ပြီး ကိုရင်တစ်ပါးပျံလွန်တော်မူသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လမိုင်းမြို့နယ်ရှိ ရွာသစ်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၃၁၇) အမြှောက်တပ်ရင်းမှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်တာကြောင့် ဦးဇင်းတစ်ပါးကျည်ထိမှန်ခဲ့ပြီး အသက်ဆယ်နှစ်ကျော်ရှိတဲ့ ကိုရင်းလေးတစ်ပါးလည်း အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ပျံလွန်တော်မူသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဦးဇင်တစ်ပါးနဲ့ကိုရင်တစ်ပါးထိတယ်။ ကိုရင်ကတော့ ပျံလွန်တော်မူသွားတယ်။ အမတ (၃၁၇)ကနေ တစ်နေ့လုံးပဲလက်နက်ကြီးထုနေတာ။ အဲ့ဒီနေ့က စစ်ကြောင်းပြန်ဆုတ်တဲ့ဟာကို ပစ်တာ။ ၁၁ ရက်နေ့ကတော့ ထုသေးတယ်။ မနေ့နဲ့ဒီနေ့တော့မကြားသေးဘူး။ လက်နက်ငယ်တွေဖောက် တာကတော့ ပုံမှန်ပဲ”လို့ တော်လှန်ရေးတပ် ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နယ်မြေခံပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြားမှာ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
