ဖေဖော်ဝါရီ ၇ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော် စစ်ဒေသခွဲ တပ်ရင်းအမှတ် (၈၀၄) ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို မိတ်ဖက်ညီနောင် အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်တော်(PLSF)၊ KNDF တပ်ရင်း ၅ ၊ တပ်ရင်း ၆၊ KRU၊ စစ်ဒေသ (၃) အလယ်ပိုင်းတိုင်း တပ်ရင်းအမှတ်- ၁၀၀၅၊ စစ်ဒေသ (၃) အလယ်ပိုင်းတိုင်း တပ်ရင်းအမှတ်-၁၀၀၈၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းအမှတ် ၈၀၃၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းအမှတ် ၈၀၅၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းအမှတ် ၉၀၂ မှကိုယ်စားလှယ်များ နှင့် အလယ်ပိုင်းတိုင်းမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြတယ်လို့ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။



Photo – Karenni’s Voice