ဩဂုတ်လ (၃) ရက်၊ ၂၀၂၂ ခုနှစ်
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူ ရိုဆမာမန်ဆာဟာ အစိုးရစာချုပ်တွေ လဲလှယ်တာနဲ့ လာဘ်ငွေရယူခဲ့တာကြောင့် အကျင့်ပျက်ခြစားမှုနဲ့ မလေးရှားတရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၇၀ နှစ်အရွယ် ရိုဆမာဟာ သူရဲ့ခင်ပွန်း နာဂျစ် အာဏာရလာချိန်အတွင်း အစိုးရရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်းအတွက် လာဘ်ငွေတောင်းယူမှု သုံးခုအတွက် အမိန့် ချမှတ်လိုက်တာပါ။
ရိုဆမာဟာ စီမံကိန်းလုပ်ကိုင်ခွင့် ရှရိခဲ့တဲ့ ကုမ္ပဏီဆီတွေဆီက စုစုပေါင်း ရင်းဂစ် ၁၉၄ သန်း တောင်းခံခဲ့တယ်လို့ အစိုးရရှေ့နေတစ်ဦးက ဆိုပါတယ်။
ရိုဆမာကတော့ ဒီအမှုတွေအတွက် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး အထက်တရားရုံးဆီ အယူခံဝင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။
ရိုဆမာရဲ့ ခင်ပွန်း ဝန်ကြီးချုပ်ဟောင်းနာဂျစ်လည်း နိုင်ငံပိုင် ရန်ပုံငွေ One Malaysia Development Berhad (1MDB) ကနေ ဒေါ်လာဘီလီယံပေါင်းများစွာ အဂတိလိုက်စားမှုအတွက် ပြီးခဲ့တဲ့ လက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။

