ော်လမြိုင်၊ ဩဂုတ် (၂၆)
မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်မြိုင်ရှိ ရွှေဆိုင်များထံ ယခုရက်ပိုင်းအတွင်း စာဖြင့်တနည်း၊ ဖုန်းဖြင့်တမျိုး ခြိမ်းခြောက်ငွေတောင်ခံမှုများ ကြုံနေရကြောင်း သိရှိရသည်။
“ဖုန်းဆက်လာတယ် သူတိုလိုချင်တဲ့ ပမာဏအတိုင်း ပေးပါပေါ့။ မပေးရင် ဆိုင်ကို ဗုံးလာခွဲမယ်ဆိုပြီးပြောလို အဲ့နေ့က ဆိုင်အစောကြီးပိတ်ပြီး သူတိုပြန်သွားရတယ်” လို မော်လမြိုင်မြိုပေါ်က ရွှေဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတဦး၏ ပြောပြချက်အရ သိရှိရသည်။
အလားတူ သံဖြူဇရပ်မြိုရှိ ရွှေဆိုင်တခုကိုလည်း အမည်မသိအဖွဲအစည်းတခုက စာဖြင့်ရေးသားခြိမ်းခြောက်ငွေတောင်းခံသောကြောင့် ရက်အတော်တန်ကြာ ဆိုင်ပိတ်ထားရကြောင်းလည်း သိရှိရသည်။
အဆိုပါ ခြိမ်းခြောက်ခံရသည့်သူများအနေဖြင့် ပြင်ပသို သတင်းပေါက်ကြားခြင်းမရှိစေရန်လည်း ထပ်မံခြိမ်းခြောက်ခံထားရပြီး ပြည်သူများအကြား သတင်းများဖုံးလျက်ရှိကြောင်း သိရှိရသည်။
ရေးမြိုနယ်တွင်လည်း မကြာခဏဆိုသလို ဓားပြမှုများ၊ လမ်းသွားလမ်းလာများအား လုယက်မှုများ ဖြစ်ပေါ်နေပြီး ခြိမ်းခြောက်ခံရမှုကြောင့် သတင်းဌာနများသို သတင်းမရောက်ရှိဘဲ ပြည်သူများအကြား အချင်းချင်းဖြန့်ဝေမှုများသာလျှင် ရှိနေခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွေအတွင်း မော်လမြိုင်မြိုပေါ်တွင် အိမ်တအိမ်အတွင်းသို ဝင်ရောက်လုယက်သတ်ဖြတ်ခံခဲ့ရမှု ရှိခဲ့ပြီး ဆိုင်ကယ်ခိုးယူခံရမှုကတော့ နေ့စဉ်ဆိုသလို ရှိနေသည်။
သတင်း/ဓါတ်ပုံ – ရာမညပြည်သူ့FM
