ထားဝယ်မြို့ရဲ့ ကလေးသင်္ကြန်နှစ်ရက်မြောက်နေ့အထိ ရေကစားတဲ့သူမရှိ

ဧပြီ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရဲ့ ကလေးသင်္ကြန်ရက်တွေဖြစ်တဲ့ ဧပြီလ ၁၁ ရက်နေ့ နဲ့ ၁၂ ရက်နေ့တို့မှာ ရေကစားတဲ့သူတစ်ယောက်မှ မရှိဘူးလို့ ထားဝယ်မြို့ခံတွေကပြောပါတယ်။

ကလေးသူငယ်ဆော့တဲ့ သင်္ကြန်ရက်တွေဖြစ်တဲ့ ထားဝယ်မြို့ပေါ်ကလူတွေ ဧပြီလ ၁၁ ရက် နဲ့ ၁၂ ရက် ဒီနေ့အထိ ပုံမှန်သွားလာလှုပ်ရှားနေကြပေမဲ့ ရေဆော့နေတဲ့ ကလေးတွေမရှိဘူးလို့ မြို့ခံတစ်ဦးကပြောပါတယ်။

မနက်ပိုင်းဈေးသွားတဲ့ လမ်းတစ်လျှောက် ရေပက်နေတဲ့သူတစ်ယောက်မှမတွေ့ရဘူး။ လမ်းမှာတောင်ခြောက်ကပ်နေတာဘဲ့။ ရေပက်တဲ့သူများတဲ့ ဝဲကျွန်းရပ်ကွက်ဘက်သွားတာတောင် ရေဆော့နေတဲ့သူ တစ်ယောက်မှမရှိဘူးလို့ သူကပြောပါတယ်။

ဒီနှစ်သင်္ကြန် ထားဝယ်မြို့ပေါ်မှာ ဗဟိုမဏ္ဏပ်၊ ဆောက်လုပ်ရေးမဏ္ဏပ် နဲ့ ထားဝယ်ကလေးကစားကွင်းအနီးက မဏ္ဏပ် စုစုပေါင်း မဏ္ဏပ် ခု ဆောက်လုပ်ထားပြီး ယခုလက်ရှိ ဆောက်လုပ် ရေးမဏ္ဏပ်မှာ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ် တွေအတွက် လေ့ကျင့်နေတယ်လို့ ထားဝယ်မြို့ခံတဦးက အခုလိုပြောပါတယ်။

ထားဝယ်မှာတော့ မဏ္ဏပ် ခုဆောက်ထား တယ်။ အခုလည်း ဆောက်လုပ်ရေးမဏ္ဏပ်မှာ သီချင်းဆိုတာနဲ့ အကလေ့ကျင့်နေတာတွေ ကြားနေရတယ်လို့ သူကပြောပါတယ်။

ထားဝယ်မြို့မှာ နှစ်စဉ်နှစ်တိုင်း သင်္ကြန်အကြိုနေ့မတိုင်ခင် အရှေ့ ရက်ကို ကလေးသင်္ကြန် ရက်အဖြစ်သတ်မှတ်ပြီး ရေကစားလေ့ရှိသလို ဒီနှစ်သင်္ကြန်ကလည်း စစ်ကောင်စီအာဏာသိမ်းပြီး နှစ်မြောက် သင်္ကြန်ရက်ကျရောက်နေပေမဲ့ စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်ပွဲတော်ကို မြို့ခံအများစုက ပါဝင်ဆင်နွှဲကြမှာမဟုတ်ဘူးလို့ သိရပါတယ်။

သတင်းနော်အယ်နီး

ပုံ – CJ